Government Websites

Embassy Websites

Weather (Nanning)

Consular Services (PDF)

 

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်လိုအပ်ချက်များ

၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လျှောက်လွှာ 

( ယင်းလျှောက်လွှာပုံစံအား ရုံးတွင် အခမဲ့ ထုတ်ပေး ပါသည်)၊
(လျှောက်လွှာအား ဖြည့်စွက်ရပါမည်)၊

၂။ ကိုယ်ရေးရာဇ၀င် (ရုံးတွင် အခမဲ့ထုတ်ပေးပါသည်၊ ယင်းတွင် မိမိ၏ ကိုယ်ရေးရာဇ၀င် အားဖြည့်သွင်း ရပါမည်၊ ဓါတ်ပုံကပ်ရပါမည်)၊

၃။ နောက်ဆုံးပေးဆောင်ခဲ့ရသော အခွန်ပြေစာ မူရင်း+မိတ္တူ

၄။ နိုင်ငံလက်မှတ်မူရင်း

၅။ နိုင်ငံကူးလက်မှတ် မိတ္တူ (ဓါတ်ပုံ ပါသောစာမျက်နှာနှင့် နောက်ဆုံး သက်တိုး မည့်စာမျက်နှာ)

၆။ WP/EP (မူရင်း+မိတ္တူ)

၇။ မှီခိုသူဖြစ်ပါက အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ လက်ထပ်စာချုပ် (မူရင်း+မိတ္တူ)နှင့် ရုံးသို့ ပေးသွင်း ထားသည့် အပြန် လေယာဉ်လက်မှတ်ဖိုး ပြေစာ တို့ကိုပါ ပူးတွဲတင်ပြရပါမည်၊

၈။ ကျောင်းသားဖြစ်ပါက သက်ဆိုင်ရာ ကျောင်းမှ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာမူရင်းနှင့် ကျောင်းသား ကဒ် (မူရင်း+မိတ္တူ) နှင့် Student Pass (မူရင်း+မိတ္တူ)

မွေးဖွားပြီးကလေးအတွက် နိုင်ငံလက်မှတ်လျှောက်ထားရန်လိုအပ်ချက်များ

၁။ မိဘကိုယ်ရေးရာဇ၀င် (CV) from 

(ရုံးတွင်အခမဲ့ထုတ်ပေးပါသည်။ ယင်းတွင် ကိုယ်ရေးရာဇ၀င်အား ဖြည့်သွင်းရပါမည်၊ ဓါတ်ပုံကပ်ရပါမည်) ၊

၂။ မိဘ ၂ပါး၏ လက်ထပ်စာချုပ် မူရင်း+မိတ္တူ၊

၃။ မိဘ ၂ပါး၏ နိုင်ငံကူးလက်မှတ် မူရင်း+မိတ္တူ၊

၄။ မိဘ၏ အခွန်ပြေစာ မူရင်း+မိတ္တူ

၅။ အိမ်ထောင်စုစာရင်းမိတ္တူ၊

၆။ ကလေး၏ မွေးစာရင်း မူရင်း+မိတ္တူ၊

၇။ ကလေး၏ ကိုယ်ရေးရာဇ၀င် (CV) + ဓါတ်ပုံ၊

နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားပါသဖြင့် အသစ်လျှောက်ထားရန်လိုအပ်ချက်များ

၁။ ကိုယ်ရေးရာဇ၀င် (၃)စောင် (ရုံးတွင်အခမဲ့ထုတ်ပေးပါသည်) (ပုံစံတစ်စောင်တွင်ဓါတ်ပုံတစ်ပုံကပ်ရန်)၊

၂။ ပျောက်ဆုံးကြောင်း တရုတ်နိုင်ငံမှ ရဲစခန်းအစီရင်ခံစာ 

(Police Report ) (၃) စောင်

၃။ ပျောက်ဆုံးသွားသည့် မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ (၃)စောင် (ဓါတ်ပုံပါသော စာမျက်နှာနှင့် နောက်ဆုံးသက်တမ်းတိုးထားသည့် စာမျက်နှာ)၊

၄။ နောက်ဆုံးပေးဆောင်ခဲ့သည့် အခွန်ပြေစာမူရင်း+ မိတ္တူ (အခွန် ဆောင်သူဖြစ်လျှင်)၊

၅။ ကျောင်းသားဖြစ်ပါက သက်ဆိုင်ရာကျောင်းမှ ကျောင်းသား ဖြစ်ကြောင်းထောက်ခံစာနှင့် ကျောင်းစားကဒ် (မူရင်း+မိတ္တူ)

သင်္ဘောသားမှ ကုန်ပေါ်တွင်အလုပ်လုပ်သူဖြစ် ပြောင်းလဲခွင့် လျှောက်ထားရန်လိုအပ်ချက်များ

၁။ လျှောက်လွှာ၊

၂။ ကိုယ်ရေးရာဇ၀င် 

(ရုံးတွင် အခမဲ့ထုတ်ပေပါသည်၊ ဖြည့်စွက်ပြီး ဓါတ်ပုံကပ်ရပါမည်)၊

၃။ ကုန်းပေါ်မှ အလုပ်ခန့်စာ မူရင်း+မိတ္တူ၊

၄။ စီဒီစီ မူရင်း+မိတ္တူ

၅။ 4 Ticket မူရင်း

၆။ နောက်ဆုံးပေးဆောင်ခဲ့သည် အခွန်ပြေစာ မူရင်း+မိတ္တူ (အခွန်ဆောင်သူဖြစ်လျှင်)

၇။ နိုင်ငံကူးလက်မှတ်မူရင်း

၈။ နိုင်ငံကူးလက်မှတ် မိတ္တူ (ဓါတ်ပုံ ကပ်ထားသော စာမျက်နှာနှင့် နောက်ဆုံးသက်တိုးသည့်စာမျက်နှာ)၊

ဓါတ်ပုံရိုက်ခြင်းနှင့်ပက်သက်၍ ရှင်းလင်းချက်

၁။ ကိုယ်ရေးရာဇ၀င်ပုံစံတွင် ကပ်ရမည့်ဓါတ်ပုံအား မိမိတို့ အစီအစဉ်ဖြင့် ရိုက်ယူလာပြီးကပ်ရပါမည်။

၂။ လက်ရှိထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ်သည် စက်ဖြင့် ဖတ်ရှုနိုင်သောစနစ်ဖြင့် ရိုက်နှိပ်ခြင်းဖြစ်ပါသဖြင့် ရုံး၏ သတ်မှတ်ထားသော ဓါတ်ပုံကိုသာရိုက်ရပါမည်။

ထောက်ခံစာလျှောက်ထားခြင်းဆိုင်ရာ လိုအပ်ချက်များ

မှီခို ဖြစ်ကြောင်း လျှောက်ထားရာတွင် လိုအပ်ချက်များ -

၁။ ကိုယ်တိုင်ရေးလျှောက်လွှာ

၂။ နိုင်ငံကူးလက်မှတ်မူရင်း / မိတ္တူ

၃။ တော်စပ်ပုံအထောက်အထား (မွေးစာရင်း / အိမ်ထောင်စုစာရင်း / လက်ထပ်စာချုပ်)မူရင်း /မိတ္တူ

၄။ IC ကတ်ပြား မူရင်း / မိတ္တူ

၅။ မှီခိုခံရသူ၏ အခွန်ပြေစာ မူရင်း / မိတ္တူ (သို့) တရုတ်နိုင်ငံသား အိမ်ထောင်ဖက်နှင့် လက်ထပ်စာချုပ် မူရင်း/ မိတ္တူ၊ IC ကတ်ပြား မူရင်း/ မိတ္တူ၊

ကျောင်းသားဖြစ်ကြောင်း လျှောက်ထားရန် လိုအပ်ချက်များ

၁။ ကိုယ်တိုင်ရေးလျှောက်လွှာ

၂။ Student pass မူရင်းနှင့် မိတ္တူ

၃။ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းမှ ကျောင်းသား ဖြစ်ကြောင်းထောက်ခံမူရင်း

၄။ နိုင်ငံကူးလက်မှတ်စာအုပ် မူရင်းနှင့် မိတ္တူ 

(မိတ္တူမှာဓါတ်ပုံပါသည့် စာမျက်နှာနှင့ ်သက်တမ်းတိုးပါသည့် စာမျက်နှာ) တို့ကိုယူဆောင်လာရပါမည်။

မြန်မာနိုင်ငံစသားအဖြစ်မှစွန့် လွတ်ခြင်းခွင့်ပြုပါရန လျှေက်ထားရန်လိုအပ်ချက်များ

၁။ ကိုယ်တိုင်ရေးလျှောက်လွှာ

၂။ ကိုယ်ရေးရာဇ၀င်ပုံစံနှင့်ဓါတ်ပုံ

၃။ Immigration Letter Copy

၄။ နိုင်ငံကူးလက်မှတ်စာအုပ် မူရင်းနှင့် မိတ္တူ (မိတ္တူမှာဓါတ်ပုံပါသည့် စာမျက်နှာနှင့် သက်တမ်းတိုးပါသည့် စာမျက်နှာ) တို့ကို ယူဆောင်လာရပါမည်။

၅။ အခွန်ပြေစာမူရင်နှင့်မိတ္တူများ (မှီခိုသူဖြစ်ပါက မိမိမှီခိုသူ၏ အခွန်ပြေစာ မူရင်းနှင့်မိတ္တူများ) တို့ကိုယူဆောင်လာရပါမည်။

၆။ နိုင်ငံသားကဒ်ပြား (IC) မူရင်းနှင့် မိတ္တူ

ပြည်ပရောက်မြန်မာနိုင်ငံသားများ Registration ပြုလုပ်ခြင်းအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ Registration ပြုလုပ်လိုပါက လျှောက်ထားသူနှင့်အတူ-

၁။ ပြည်ပရောက် မြန်မာနိုင်ငံသားများ ဖြည့်စွက်ရမည့် သတင်းပို့ မှတ်ပုံတင်ပုံစံ

၂။ နိုင်ငံကူလက်မှတ် မူရင်းနှင့်မိတ္တူ တို့ကိုယူဆောင်လာရပါမည်။

မြန်မာနိုင်ငံသားများမှ လူပျို / အပျိုဖြစ်ကြောင်း ထောက်ခံစာတောင်းခံခြင်း

တရုတ်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများမှ အကြောင်းအမျိုးမျိုးဖြင့် လူပျို / အပျိုဖြစ်ကြောင်း ထောက်ခံစာများ တောင်းခံလာတတ်ပါသည်။

ထိုသို့ တောင်းခံရာတွင် မိမိတို့ ရုံးအနေဖြင့် သက်ဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ လူပျို / အပျို ဖြစ်ကြောင်း ထောက်ခံစာထုတ်ပေးခြင်းမပြုပါ။

လူပျို / အပျို ဖြစ်ကြောင်း ထောက်ခံစာ ထုတ်ပေးခြင်း မပြုသော်လည်း မိဘနှင့် အတူတကွ နေထိုင်သည့် သား / သမီးများအား မိဘ၏ အုပ်ထိန်းမှုအောက်တွင် နေထိုင်သည့်မှာ မှန်ကန်ပါကြောင်း ထောက်ခံပေးသည့် ထောက်ခံစာအား ထုတ်ယူရန်နိုင်ပါသည်။

အဆိုပါ ထောက်ခံစာအားလျှောက်ထားရာတွင် မိဘ၏ နိုင်ငံကူးလက်မှတ် (မူရင်း)၊ တရုတ်နိုင်ငံတွင် နေထိုင်ခွင့်ရှိသည့် စာမျက်နှာ၊ ထောက်ခံစာပြုလုပ် မည့်သား/ သမီး၏ နိုင်ငံကူးလက်မှတ် (မူရင်း)၊ ကျောင်းသားဖြစ်ပါက ကျောင်းသားကဒ်(မူရင်း)/ မိတ္တူတို့အား အတူတကွ တင်ပြရပါမည်။

၀င်ငွေခွန်ပေးဆောင်ခြင်း

ပြည်ပသို့ တရား၀င်သွားရောက် အလုပ်လုပ်ကိုင်ကြသူများ (တရား၀င် နိုင်ငံကူးလက်မှတ်၊ တရား၀င် အလုပ်လုပ်ကိုင်ခွင့် Work Permit (WP) ရှိသူများ) အနေဖြင့် ယခင်က ၀င်ငွေခွန် ၁၀% ပေးဆောင်ကြရပါသည်။ ယင်းနောက် လက်ရှိနိုင်ငံတော် အစိုးရလက်ထက်တွင် ၀င်ငွေခွန်နှင့် ပက်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

(က) ၀င်ငွေခွန် ၁၀% ပေးဆောင်ကြရာမှ ၁၅-၈-၂၀၁၃ ရက်နေ့မှစ၍ ၂% ဖြင့်သာ ပေးဆောင်စေရန် လျော့ပေါ့ သတ်မှတ် ကောက်ခံခြင်း။

(ခ) ထို့သို့ ၀င်ငွေခွန် ၂% သာ ပေးဆောင်နေကြရာမှ ၁-၁-၂၀၁၃ ရက်နေ့မှစ၍ ၀င်ငွေ ခွန်ပေးဆောင်ရခြင်း မှာ ကင်းလွတ်ခွင့် ပြုခြင်း။

အကြောင်းအမျိုးမျိုးဖြင့် ရုံးသို့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားခြင်း၊ မွေးဖွားပြီး ကလေး အတွက် နိုင်ငံကူးလက်မှတ် လျောက်ထားခြင်း၊ နိုင်ငံကူး လက်မှတ် ပျောက်ဆုံးသဖြင့် အသစ်လျောက် ထားခြင်း၊ ထောက်ခံချက်တောင်းခံခြင်း စသည့် ကိစ္စများရှိလာပါက ကာလအလိုက် မိမိတို့ ပေးဆောင်ရန် တာ၀န်ရှိသည့် ၀င်ငွေခွန်အား ပေးဆောင်ပြီးမှသာ/ ပေးဆောင်ခဲ့သည့် ၀င်ငွေခွန် ပြေစာပြမှသာ ရုံးအနေဖြင့် ဆက်လက်ဆောင်ရွက်ပေး၍ ရသည်ကို နားလည်မှုပေးရန် လိုအပ်ပါသည်။

၀င်ငွေခွန်ပေးဆောင်ရန် လိုအပ်ချက်များ

၁။ ဖြည့်စွတ်ရမည့်ပုံစံ (Form)

၂။ နိုင်ငံကူးလက်မှတ် မှုရင်း

၃။ နိုင်ငံကူးလက်မှတ် မိတ္တူ

(ဓာတ်ပုံကပ်ထားသော စာမျက်နှာနှင့် နောက်ဆုံးသက်တမ်း တိုးသည့်စာမျက်နှာ)

၄။ နောက်ဆုံး ၀င်ငွေခွန် ဆောင်ခဲ့သည့် ပြေစာ (မှုရင်းနှင့်မိတ္တူ)

Time


Myanmar Time


China Time

Currency Exchange Rate