You are here:
E-mail Print PDF

ဆိုက်ရောက်​ဗီဇာ (Visa On Arrival) အတွက် လိုက်နာ​ရ​မည့်​စည်းကမ်း​များ

Click Here For English Version

Click Here For Chinese Version

  1. သက်ဆိုင်​ရာ​နိုင်ငံ​မှ ထုတ်ပေး​ထား​သည့် တရားဝင်​နိုင်ငံ​ကူး​လက်မှတ်​ကိုင်​ဆောင်​သူ ဖြစ်​ရ​မည်၊ Passport သက်​တမ်း​သည် ရောက်​ရှိ​သည့်​နေ့​၏ နောက်​ပိုင်း အနည်း​ဆုံး (၆) လ​သက်​တမ်း ကျန် ရှိ​ရ​မည်။

  2. လွန်​ခဲ့​သည့် (၆) လ​အတွင်း​က​ရိုက်​ကူး​ထား​သည့် (၄ စင်​တီ​မီ​တာx ၆ စင်​တီ​မီ​တာ) ရှိ ရောင်​စုံ​ဓါတ်​ပုံ (၂) ပုံ အသင့်​ယူဆောင်​လာ​ရ​မည်။

  3. လုပ်​ငန်း​ဗီဇာ​ဖြင့်် က​န​ဦး​ဝင်​ရောက်​မည့်​သူ​များ​ဖြစ်​ပါ​က လျှောက်လွှာ​နှင့်​အတူ တာဝန်​ခံ ခေါ်​ဆောင်​သူ ကုမ္ပဏီ​၏ ဖိတ်ခေါ်​စာ​ပါရှိ​ရ​မည်။ (ထပ်​တိုး​နေထိုင်​ခွင့်​မ​ပြု)

  4. မြန်မာ​နိုင်ငံ​အတွင်း လုပ်​ငန်း​လုပ်ကိုင်​နေ​သူ​ဖြစ်​ပါ​က လျှောက်လွှာ​နှင့်​အတူ လုပ်​ငန်း​လုပ်ကိုင် နေ​သည့် ကုမ္ပဏီ မှတ်ပုံတင်/ လုပ်​ငန်း​လိုင်စင်၊ သက်ဆိုင်​ရာ​ဝန်ကြီး​ဌာန​များ​မှ ထုတ်ပေး​သော လုပ်​ငန်း လုပ်ကိုင်​ခွင့်​ပြု​ကြောင်း အထောက်​အထား​မိတ္တူ ပူးတွဲ​တင်ပြ​ရ​မည်။

  5. မြန်မာ​နိုင်ငံ​အတွင်း လုပ်​ငန်း​ဗီဇာ​ဖြင့် လုပ်​ငန်း​လုပ်ကိုင်​နေ​သူ​ဖြစ်​ပါ​က အလုပ်​လုပ်ကိုင်​သည့် စက်​ရုံ​အမည်၊ တည်​နေရာ၊ တာဝန်​ခံခေါ်​ဆောင်​သူ၊ လုပ်ကိုင်​သည့် ရာထူး စ​သည်​တို့​ကို ပြည့်​စုံ​စွာ ဖေါ်​ပြ​လျှောက်ထား​ရ​မည်။

  6. မြန်မာ​နိုင်ငံ​အတွင်း လုပ်​ငန်း​ဗီဇာ​ဖြင်‌့ လုပ်​ငန်း​လုပ်ကိုင်​နေ​သူ​ဖြစ်​ပါ​က နေ​ခွင့်​သက်​တမ်း တိုး​မြှင့်​လျှောက်ထား​လို​လျှင် သက်ဆိုင်​ရာ​ဝန်ကြီး​ဌာန​များ​၏ ထောက်ခံ​ချက်​ဖြင့် တည်​ဆဲ လုပ်​ထုံး​လုပ်​နည်း​နှင့်​အညီ လျှောက်ထား​နိုင်​ပါ​သည်။

  7. ပြည်​ဝင်​ဗီဇာ​ဖြင့် အစည်းအဝေး​များ၊ အလုပ်​ရုံ​ဆွေးနွေး​ပွဲ​များ၊ တွေ့​ဆုံ​ပွဲ​များ၊ အခမ်းအနား တက်​ရောက် မည့်​သူ​များ​ဖြစ်​ပါ​က သက်ဆိုင်​ရာ​ဝန်ကြီး​ဌာန​များ​မှ ဖိတ်ကြား​စာ ပူးတွဲ​တင်ပြ ရ​မည်။

  8. လျှောက်လွှာ​တွင်ဖော်​ပြ​ထား​သော လုပ်​ငန်း​မှ​အပ အခြား​မည်​သည့်​လုပ်​ငန်း​ကို​မ​ဆို အခ​ဖြင့် ဖြစ်​စေ၊ အခ​မဲ့​ဖြစ်​စေ လုပ်ကိုင်​ခြင်း​မ​ပြု​ရ။

  9. ဖြတ်​သန်း​ဗီဇာ​လျှောက်ထား​သူ​သည် ခရီး​လမ်း​ဆုံး​နိုင်ငံ​သို့ သွား​ရောက်​မည့် လေ​ယာဉ် လက်မှတ် ပူးတွဲ​တင်ပြ​ရ​မည်။

  10. မြန်မာ​နိုင်ငံ​အစိုးရ​အဖွဲ့​မှ တရားဝင်​အသိ​အမှတ်ပြု လိုင်စင်​ထုတ်ပေး​ထား​သည့် ဟိုတယ်၊ မို​တယ်၊ တည်းခို​ခန်း​များ၊ တရားဝင်​ခွင့်​ပြု​ထား​သည့် စက်​ရုံ​အလုပ်​ရုံ​များ၊ နေအိမ် အဆောက်​အဦ များ​တွင် နေထိုင်​ရ​မည်။ တည်းခို​မည့် လိပ်စာ​ကို အတိ​အကျဖေါ်​ပြ​ရ​မည်။

  11. မြန်မာ​နိုင်ငံ​အစိုးရ​အဖွဲ့​၏ တည်​ဆဲ​ဥပဒေ၊ နည်းဥပဒေ၊ လုပ်​ထုံး​လုပ်​နည်း၊ အမိန့်​နှင့် ညွှန်​ကြား​ချက် အားလုံး​ကို တိ​ကျ​စွာ​လိုက်နာ​မည်​ဖြစ်​ကြောင်း ဝန်ခံ​ကတိ​ပြု​ရ​မည်။

  12. မိဘ​၏ နိုင်ငံ​ကူး​လက်မှတ်​၌ ပူးတွဲ​ပါရှိ​သော အသက် (၇) နှစ်​အောက် ကလေး​များ​ကို အခ​မဲ့ ပြည်​ဝင်​ခွင့်​ပြု​မည်။ သီးခြား​နိုင်ငံ​ကူး​လက်မှတ်​ကိုင်​ဆောင်​သူ အသက် (၇) နှစ်​အောက် ကလေး​များ ခေါ်​ဆောင်​လာ​ပါ​က သား/သမီး​ဖြစ်​ကြောင်း အထောက်​အထား တင်ပြ​နိုင်​ရ​မည်။

  13. ကန့်​သတ်​နယ်​မြေ​များ​သို့ ကြိုတင်​ခွင့်​ပြု​ချက်မ​ပါရှိ​ဘဲ သွား​ရောက်​ခြင်း​မ​ပြု​ရ။

  14. မြန်မာ​နိုင်ငံ​အတွင်း ရောက်​ရှိ​နေထိုင်​စဥ် ည​အိပ်​ရပ်နား​သည့် တည်းခို​ရာ ဟိုတယ်၊ မို​တယ်၊ အင်း၊ တည်းခို​ခန်း၊ စက်​ရုံ အလုပ်​ရုံ၊ နေအိမ်၊ ရုံး​ခန်း​လိပ်စာ​များ​အား သက်ဆိုင်​ရာ မြို့​နယ် လူ​ဝင်​မှု ကြီးကြပ်​ရေး​နှင်‌့ အမျိုးသား​မှတ်ပုံတင်​ရေး ဦးစီး​ဌာန​သို့ သ​တင်း​ပို့ တင်ပြ​ရ​မည်။

  15. ပြည်​ဝင်​ခွင့်​မ​ပြု​ကြောင်း ဆုံးဖြတ်​ခံ​ရ​ပါ​က မူလ​လိုက်​ပါလာ​သည့် လေ​ကြောင်း​လိုင်း​အစီ​အစဥ် ဖြင့် ထွက်​ခွါ​လာ​သည့်​နိုင်ငံ​သို့ ပြန်လည်​ထွက်​ခွာ​ရ​မည်။

  16. ပြည်​ဝင်​ခွင့်​ပြု​ခြင်း​ကိစ္စ​နှင့်​စပ်လျဉ်း​၍ ဆိုက်ရောက်​ဗီဇာ ခွင့်​ပြု​မှု​စိစစ်​ရေး​အဖွဲ့​၏ ဆုံးဖြတ်ချက်​ကို လိုက်နာ​ဆောင်ရွက်​ရ​မည်။

  17. ဆိုက်ရောက်​ဗီဇာ (Visa On Arrival) လျှောက်လွှာ​ပုံစံ​ကို လေ​ကြောင်း​လိုင်း​များ​တွင် လည်းကောင်း၊ လူ​ဝင်​မှု​ကြီးကြပ်​ရေး​နှင့် ပြည်​သူ့ အင်အား​ဝန်ကြီး​ဌာန​၏ Website ဖြစ်​သော www.mip.gov.mm မှ ဤနေရာ​တွင် လည်းကောင်း ထုတ်ယူ​၍ ရန်ကုန်​လေ​ဆိပ် လူ​ဝင်​မှု​ကြီးကြပ်​ရေး ဌာန​စိတ်​တွင် တင်ပြ​လျှောက်ထား​နိုင်​သည်။

Contact Us

Myanmar Consulate General Nanning

ADDRESS :    NO.16-7,Guihua Road, Consular District, Nanning 530028, P.R China
TEL :    86(771) 5672 845, 5672 391
FAX :    86(771) 5672 192
Email :    mcgnanning@163.com
Website: www.mcgnanning.org

Our Map